အာရှတစ်ခွင်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း – ဖစ်မြောက်အောင်ဆောင်ရွက်မည့် ယာဉ်မောင်းများနှင့် တွ့ဆုံခြင်း

အန်ဒရူး မက်ဒေါ်နယ် တွေ့ဆုံမေးမြန်းသည် Latin America and Asia Pacific General Manager Uber လို့ ဆိုလိုက်ရင် မင်းဘယ်လိုမြင်သလဲ။ မင်းယာဉ်ငှားစီးဖို့အတွက် အမြဲနေ့စဉ်နေ့တိုင်း ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုလား။ ဒါမှမဟုတ် ရာသီမရွေး၊ အချိန်အခါမရွေး၊ သွားချင်တဲ့နေရာမရွေး မင်းကိုလိုက်ပို့ပေးမယ့် ယာဉ်မောင်းမိတ်ဆွေတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေပဲလား။ ကျွန်တော်အတွက် နှစ်ခုစလုံးပါပဲ။ ကျွန်တော်တို့က နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို ကျွန်တော် တို့မှာ လူသားဆန်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ပါဝင်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင်ဖြင့် လူနှစ်သန်းရဲ့မျက်နှာတွေပေါ့နော်၊ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ ယာဉ်မောင်းမိတ်ဆွေကြီးများပေါ့။ အဲဒါက ဆီလီကွန်တောင်ကြားက ကုမ္ပဏီတွေကြားထဲမှာ ကျွန်တော်တို့ကုမ္ပဏီကို ပိုပြီးထူးခြားစေတဲ့အချက်ပါပဲ။ ဒါကြောင့် အသက်မွေးဝမ်းကျောင်းအတွက် ဒီအက်ပလီကေးရှင်းကို သုံးနေရတဲ့ယာဉ်မောင်းတွေအတွက် အကောင်းဆုံးတွေကို ပြုလုပ်ပေးဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ဒီနေ့ […]

Uber ရဲ့ မြန်မာအမျိုးသမီးအထွေထွေမန်နေဂျာ ရောက်ရှိလို့လာပါပြီ

Uber က မြန်မာအမျိုးသမီး ဒေါ်အိဖြူလွင်ကို မြန်မာနိုင်ငံဆိုင်ရာအထွေထွေမန်နေဂျာအဖြစ် ဇူလိုင်လ ၆ ရက်နေ့က ခန့်အပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ Uber  ခရီးစဉ်မှာ အဓိကမှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပြီဖြစ်ပါတယ်။   Uber ရဲ့ ဒေသဆိုင်ရာခေါင်းဆောင်မှုပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အဖွဲ့အင်အားတိုးချဲ့ရာတွင် အဓိကအဖွဲ့ ဝင်တစ်ဦးအဖြစ် ပါဝင်လာသူ ဒေါ်အိဖြူလွင်ဟာ Uber ၏ အသစ်လွင်ဆုံးဈေးကွက်တည်ရှိရာ မြန်မာပြည်မှာ တိုးတက်လာတဲ့ ဈေးကွက်အခြေအနေတွေကို ဗျူဟာကျပူးပေါင်းဆောင်ရွက်မှုများနဲ့ နိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသည်များနှင့် ယာဉ်မောင်းများ၏ အတွေ့အကြုံကောင်းများမှတစ်ဆင့် ဈေးကွက်အခြေ အနေများတိုးတက်အောင် တာဝန်ယူဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။   “ကျွန်မက မြန်မာနိုင်ငံကနေထွက်သွားခဲ့တာ ကလေးအရွယ်ကတည်းကပါ။ အခုတော့ ကိုယ့်မိခင်နိုင်ငံကို ပြန်လာပြီး မြန်မာပြည်ကို Uber ရဲ့ အောင်မြင်တဲ့ဈေးကွက်သစ်ဖြစ်လာ   အောင် ကြိုးစားရာမှာ ဦးဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။   ယာဉ်မောင်းတွေရဲ့ […]

၅ ဘီလီယံခရီး

By Rachel Holt, Andrew Macdonald and Pierre-Dimitri Gore-Coty ခလုတ်နှိပ်လိုက်ရုံနဲ့ ကိုယ်သွားလိုရာကို ပို့မယ့် ကားတစ်စီးရောက်လာအောင် ဘယ်လိုလုပ်မလဲ? ဒီလို ရိုးရှင်းလှတဲ့ ပြသနာတစ်ခုကို ဖြေရှင်းဖို့အတွက် Uber ကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ပါတယ်။ ၂၀၁၅  ခုနှစ် နှောင်းပိုင်းမှာတော့ ခရီးစဉ်ပေါင်း ၁ ဘီလီယံထိ ပို့ဆောင် ပေးနိုင်ခဲ့ပြီး နောက်ထပ် ၆ လအကြာမှာ ၂ ဘီလီယံ ဆိုတဲ့ မှတ်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့ပြန်တယ်။   ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် မေလ ၂၀ ရက်၊ စနေနေ့နံနက် ၇ နာရီ ၂၉ မိနစ်နဲ့ ၀၆ စက္ကန့်မှာ ခရီးစဉ်ပေါင်း ၁၅၆ ခုနဲ့ စုစုပေါင်း […]

ရန်ကုန်မြို့တွင်း ယုံကြည်စိတ်ချရသည့် ပို့ဆောင်ဆက်သွယ်ရေး

Uber ၏ ရည်မှန်းချက်မှာ ကားအသုံးပြုမှုများပြားသည့် ရုံးဆင်းရုံးတက်ချိန်များတွင်တောင်မှ ခလုတ်နှိပ် လိုက်ရုံဖြင့် မိနစ်အနည်း ငယ်အတွင်း ကားခေါ်ဆိုရရှိနိုင်ရန်ဖြစ်ပါသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန် သို့မဟုတ် ပွဲလမ်းသဘင်တစ်ခုခုပြီးချိန် စသည့်အခါမျိုးများတွင်တောင်မှ ယာဉ်မောင်းများကို စနစ်အတိုင်းသွားချင်အောင် အားပေးရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုမှာ  ဈေးနှုန်းများကို ချိန်ညှိပေးခြင်းပင်ဖြစ်သည်။ ခရီးသည်များအနေဖြင့် ရန်ကုန်မြို့တွင်း မိမိတို့လိုအပ်သည့်အချိန်တိုင်း မည်သည့်အချိန်၊ မည်သည့်နေရာကိုမဆို စိတ်ချလက်ချသွားရောက်နိုင်ရန် ခရီးသည်အားလုံးနှင့်အဆင်ပြေစေမည့် သင့်လျော်သည့် ဈေးနှုန်းများကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ အခြေအနေပေါ်မူတည်၍ အချို့အချိန်များတွင် ဈေးနှုန်းသည် ယခင်ထက် များကောင်းများနိုင်ပါမည်။ သို့သော်လည်း ခရီးသည်အနေဖြင့် ခရီးစဉ်သွားရောက်ရန် အတည်မပြုမီကတည်းက ကျသင့်ငွေခန့်မှန်းချက်ရရှိ မည်ဖြစ်သည့်အတွက် သွားလိုရာရောက်မှ မိမိ မသိ၊ လက်မခံနိုင်သော ဈေးနှုန်းများကို ရုတ်တရက် သိရမည့်အကြောင်းမရှိပါ။ ထိုသို့ လိုက်လျောညီထွေရှိသည့် ဈေးနှုန်းသတ်မှတ်ချက်စနစ်ကို […]